နေပြည်တော် ၂၄  ဇန်နဝါရီ 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဂျာမန်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (GIZ) တို့အကြား အားလုံးပါဝင်နိုင်၍ တည်ငြိမ်သော ဘဏ်လုပ်ငန်းစနစ်ဖွံ့ဖြိုးနိုင်ရေး အထောက်အကူပြုရေးနှင့် စပ်လျဉ်းသည့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး နားလည်မှု စာချွန်လွှာအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်း ဥပဒေစည်းမျဉ်းဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်တင်မိုးမိုးနှင့် GIZ မှ Head of Program , Mr. Armin Hofmann တို့မှ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)