နမ့်ခမ်း ၂၄ ဇန်နဝါရီ                


မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ  ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်း (၅) စုံနှင့် အဖြေများစာအုပ် ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နမ့်ခမ်းမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ကျင်းပသည်။

123


အခမ်းအနားကို ရှေ့တန်းမှတ်(၈၈) ခြေမြန်တပ်မစစ်ဌာနချုပ်မှ ခေတ္တတပ်မမှူး ဗိုလ်မှူးကြီး ကျော်ထင်က အမှာစကား ပြောကြားပြီး နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများထံသို့ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်း(၅)စုံနှင့် အဖြေများစာအုပ် ပေးအပ်ချီးမြှင့်သည်။

123


ဆက်လက်၍ နမ့်ခမ်းမြို့နယ် ပညာရေးမှူး ဦးသန်းမြင့်က တက္ကသိုလ် ဝင်တန်းစာမေးပွဲ မေးခွန်း(၅)စုံနှင့် အဖြေများစာအုပ် ပေးအပ်ချီးမြှင့်ကိစ္စနှင့်ပတ်သတ်၍ အထက်တန်းကျောင်း အသီးသီးမှ တာဝန်ရှိသူ ကျောင်းအုပ်ကြီးမှ ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ပြောကြားခဲ့သည်။


အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအသီးသီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြောင်း မြို့နယ်ပြန်ဆက်မှ သိရသည်။


MD