နေပြည်တော် ၂၄  ဇန်နဝါရီ 


ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော် ကောင်စီအတွင်းရှိ ၈ မြို့နယ်တွင် ၂၀၁၈ ခုနှစ် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား နေပြည်တော် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ဦးဆောင်၍ အဖွဲ့ငယ်များခွဲကာ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပြီး လိုအပ်သည်များကို မှာကြားသည်။


၂၀၁၈ ခုနှစ် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံးဆေးကျွေးရေး အစီအစဉ်တွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဆွေဇင်ဝင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးအေးမာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံကျန်းမားရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အခြားနှီးနွယ် အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ဆေးတိုက်ကျွေးရေး အစီအစဉ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှ ၃၁ ရက်အထိ လူဦးရေစုစုပေါင်း (၁၀) သိန်းကျော်အား တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)