နွားထိုးကြီး ၂၄ ဇန်နဝါရီ

 

နွားထိုးကြီးမြို့ လူထုလျှပ်စစ်အန္တရာယ်ကင်းရေး လျှပ်စစ်မီးပျက်ချိန် နည်းရေးနှင့် ဗို့အားအပြည့်အဝ ရရှိရေးအတွက် မြို့ရှိ  ၄၄၀  ကြိုးလိုင်းကို ခေတ်မီ S1 ကြိုး  ၂ မိုင်ရှည် ၅ ကြိုးဖြင့် လဲလှယ်နေပြီ ဖြစ်ကြောင်း မြို့လျှပ်စစ်မန်နေဂျာထံမှ သိရသည်။      

   

လျှပ်စစ်ရုံးချုပ် အစီအစဉ်အရ တပ်ဆင်ထားသော ကြေးနန်းကြိုး၊ သွပ်ကြိုးများအား  ယခု S1 အဖုံးပါကြိုးဖြင့် လဲလှယ်ပေးခြင်းဖြစ်၍ တိုင်ပေါ်တက်၍ လုပ်ကိုင်ရသည့် လျှပ်စစ်လုပ်သားများအနေဖြင့်  လျှပ်စစ်အန္တရာယ် ပိုမိုကင်းသွားမည်ဖြစ်သည်။

 

ဌေးမြင့်မောင်