နေပြည်တော် ၂၄ ဇန်နဝါရီ
ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ထီတလိကျေးရွာ အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၃)ဧကအား ဇန်နဝါရီ ၂၃ ရက်က ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ ဟိုပုံးမြို့နယ်၊ တုတ်စောက်ကျေးရွာ၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၅)ဧက၊ ပင်လောင်းမြို့နယ်၊ ညောင်ပင်ကျေးရွာ၌ အမြင့်(၂)ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း(၁၁)ဧက၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထုတ်ကျေးရွာအုပ်စု၌ ဘိန်းစိုက်ခင်း(၁၀)ဧက၊ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာ ဘိန်းစိုက်ခင်း(၇)ဧကနှင့် မင်းလှမြို့နယ်၊ ဆင်တောင်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၁.၁၄)ဧကတို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN