မအီ ၂၄  ဇန်နဝါရီ

 

မြောက်ဦးဆရာတော် ကမ္မဌာနာစရိယ ဝနဝါသီဘဒ္ဒန္တအရှင်ဝါယာမိန္ဒ၏ ဦးဆောင်မှုဖြင့် စက္ခုဒါနအဖြစ် ဇန်နဝါရီ ၂၃ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်း၍ မျက်စိအထူးကုဆရာဝန်ကြီးများ၊ စေတနာရှင်များက ရခိုင်ပြည်နယ် မအီမြို့နှင့် ပတ်ဝန်းကျင်မြို့နယ်များမှ မျက်စိဝေဒနာရှင်များအား အခမဲ့စစ်ဆေး ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

age IM

 

ပထမနေ့ ကုသဆောင်ရွက်မှုတွင် ခွဲစိတ်၊ ဆေးထည့်ဆေးပေး၊ မျက်မှန်တပ်လူနာ ၁၂၄၀ ဦး၊ ဒုတိယနေ့၌ မျက်စိခွဲစိတ်လူနာ ၁၁၇ ဦး၊ မျက်မှန်တပ်လူနာ ၅၇၆ ဦး၊ ခွဲစိတ်ရန် ကျန်လူနာ ၅၀ ၊ ဆေးထည့် ဆေးပေးလူနာ ၂၁၀ စုစုပေါင်း ၉၅၃ ဦးကို ဒေါက်တာ ဒေါ်နီလာသိန်း ဦးဆောင်သော ၂၂ ဦးပါ ဆေးအဖွဲ့က ကုသဆောင်ရွက်ပေးခဲ့ကြသည်။ 

 

နှစ်ရက်ပေါင်းစစ်ဆေး ကုသမှုမှာ စုစုပေါင်း ၂၁၉၃ ဦးပြီးစီးခဲ့ကြောင်းနှင့် မျက်စိကုသမှုကို ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကုသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ဌေး(ပြန်/ဆက်) 

 

IMG_20190123