နေပြည်တော် ၂၄  ဇန်နဝါရီ 

 

နယ်စပ်ရေးရာဝန်ကြီးဌာနကဦး ဆောင်၍ နယ်စပ်ဒေသမှ တိုင်းရင်းသား မောင်မယ်များ၏ ဒုတိယသုတ် နေပြည်တော်လေ့လာရေး ခရီးစဉ်ကို ဇန်နဝါရီ ၂၇ ရက်မှစတင်၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ကြမည်ဖြစ်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားမောင်မယ်များကို နေပြည်တော်လေ့လာရေး ခရီးစဉ်အဖြစ် တစ်နှစ်လျှင်နှစ်ကြိမ် ခေါ်ယူ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိရာ ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက် ရှိပြီဖြစ်ပြီး ယခုခရီးစဉ်တွင် နာဂ၊ မွန်၊ ကချင်၊ ရှမ်းနှင့် တနင်္သာရီတို့မှ တိုင်းရင်းသားမောင်မယ်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ 

 

မောင်မောင်မျိုး