နေပြည်တော် ၂၄  ဇန်နဝါရီ 

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H. E. Mr. Lee Taeho နှင့်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၆) ၌ လက်ခံ တွေ့ဆုံသည်။

 

552

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)