နေပြည်တော်  ၂၄  ဇန်နဝါရီ 

 

ပြန်ကြားရေးဝန်ကြီးဌာန၏ e-Government ဆိုင်ရာ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်နိုင်ရေး ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

85520

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က  ပြန်ကြားရေး ဝန်ကြီး ဌာန၏ e-Government လုပ်ငန်းဆောင်ရွက်ခြင်း ကို စနစ်တကျ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအတွက် ဌာနအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊  သတင်းအချက်အလက်များ တိကျ မှန်ကန် မြန်ဆန်စွာ လွှင့်ထုတ်နိုင်ရေး၊  ဆိုက်ဘာ လုံခြုံရေး၊  ကျွမ်းကျင်မှု ဆင့်ပွားသင်တန်းများပို့ချရေးတို့ကို ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ e-Government ဆောင်ရွက်မှုများနှင့် ပတ်သက် ၍  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများ က   ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။  

 

(သတင်းစဉ်)