နေပြည်တော်  ၂၄  ဇန်နဝါရီ  

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်  Mr. Greg Vines နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်နေမှု၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ National Action Plan (မူကြမ်း)ကို ဒုတိယသမ္မတဦးစီး၍အလေးထားဆောင်ရွက်နေမှု ၊ ILO နှစ် ၁၀၀ ပြည့်အခမ်းအနားတွင် မိမိတို့ ဝန်ကြီးဌာနမှပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ စက်ရုံ အလိုက် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)များဖွဲ့စည်းကာ လုပ်ငန်းခွင် အတွင်းဖြေရှင်းနိုင်ရေး မိမိကိုယ်တိုင်ကွင်းဆင်း၍ ဦးစားပေးဆောင်ရွက်လျက် ရှိမှု၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ပြောစကားများ လက်ခံ စဉ်းစားပြီးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားနှင့် ပတ်သက်၍ ILO၊ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စ၊ အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍ သင့်လျော် ကောင်းမွန်သောအလုပ် အကိုင်ဆိုင်ရာ နိုင်ငံအစီအစဉ်အောက်တွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးလုပ်ငန်းစီမံချက် ကို ILO မှ ရေးဆွဲပေးပြီး အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ တွင် ဆွေးနွေးညှိနှိုင်းကာ ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ထံပေးအပ်သွားမည့်ကိစ္စ စုပေါင်းအငြင်းပွားမှုနှင့် တစ်ဦးချင်းအငြင်းပွားမှု များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအပေါ် ဥပဒေကိုပြန်လည် ဖြည့်စွက်ပြင်ဆင်သွားမည့်ကိစ္စှ  ၊ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

 

(သတင်းစဉ်)