ရန်ကုန် ၂၄ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၇ ရက် အထိ ကျင်းပမည့် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန်နှင့် ဖိလစ်ပိုင် သတင်းဌာန၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
(သတင်းစဉ်)