ယနေ့ က္ဘာကြီး၌ စံနှုန်းများနှင့် ပတ်သက်ပါက တိတိကျကျ တိုင်းတာ၍ ရသော စံချိန်စံòန်းများနှင့် စိတ်ခံစားချက်ပေါ်မူတည်နေသည့် ဒြပ်မဲ့ စံချိန်စံညွှန်းများဟူ၍ ပိုင်းခြား တွက်ချက်ပြောဆိုနေရသည်။
အဆောက်အအုံ တစ်ခု၏ စံချိန်စံòန်းများကို ပြောလျှင် ထိုအဆောက်အအုံ၏ ခိုင်ခံ့မှုကို ငလျင်ဒဏ်ခံနိုင်ဖို့၊ တိုင်များ၏ လိုအပ်သည့် ထောက်ခံနိုင်မှုအား၊ ရက်မတို့၏ ဝန်ခံနိုင်မှုစွမ်းအားတို့ အတွက် လိုအပ်သော သံချောင်းအရေအတွက်၊ ပါဝင်သည့် သံချောင်း တို့၏ သတ်မှတ်ခံနိုင်ရည်စွမ်းအားတို့ကို တွက်ချက်ကာ ကိန်းဂဏန်း များဖြင့် တိုင်းတာ၍ စံချိန်မီမမီကို ဆုံးဖြတ်နိုင်ပါမည်။ ထို့အတူ အခြားသော စံချိန်စံòန်းများအနေဖြင့် လေဝင်လေထွက် သတ်မှတ်စံနှုန်း ပြည့် မပြည့်၊ သဘာဝအလင်းရောင်၊ လျှပ်စစ်မီးရောင် အစရှိသဖြင့် လိုအပ်သည့် အလင်းရောင်ပမာဏ ပြည့်စုံမှု ရှိ မရှိ၊ သွားလာလှုပ်ရှားရာ ဆောင်တာအသီးသီးတွင် လိုအပ်သော စံနှုန်းများ (လှေကား အတက် အဆင်း အချိုး၊ လုံလောက်သည့် အခန်းအကျယ်နှင့် အမြင့် စသည်) နှင့် ကိုက်ညီမှုရှိ မရှိ စသည်တို့ကို တိတိကျကျ တွက်ချက်ဆန်းစစ်နိုင်သော်လည်း သွားလာလှုပ်ရှားရာ ဆောင်တာအသီးသီးတွင် အဆင်ပြေချောမွေ့ မှု ရှိ မရှိ၊ လွယ်ကူမှု ရှိ မရှိ၊ အဆောက်အအုံ၏ အမြင်ပိုင်းဆိုင်ရာ အချိုးအစား ကျနမှု ရှိ မရှိ၊ မည်သည့်ခံစားမှုကို ပေး မပေး စသည့် စံနှုန်းများကိုမူ ကိန်းဂဏန်းများဖြင့် တိုင်းတာနိုင်မည် မဟုတ်ပါ။
ကဗျာတစ်ပုဒ်ကို အကဲဖြတ်ရာတွင် ကာရန်အချိတ်အဆက်မိ မမိ၊ စကားလုံးသုံးနှုန်းမှု မှန် မမှန်တို့ကို တွက်ချက်၍ ဆန်းစစ်ဖို့ဖြစ်နိုင်သော် လည်း ကဗျာဆန် မဆန်၊ ကဗျာအတွေးဖြစ် မဖြစ် စသည်တို့က ဒြပ်မဲ့ အတိုင်းအတာများ ဖြစ်ပါမည်။
အနုပညာနှင့် ဆက်စပ်နေသော လူတို့၏ စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှု တို့နှင့် သက်ဆိုင်သော အခန်းကဏ္ဍများတွင် တိကျသော ကိန်းဂဏန်းများဖြင့် ဆန်းစစ်ပိုင်းခြားရန် ပိုမိုခက်ခဲပါမည်။ ကိန်းဂဏန်းများဖြင့် မဆန်းစစ် နိုင်ဟု ဆိုသော်လည်း စံနှုန်းများကို အကဲမဖြတ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ။
ကျန်းမာရေး ညွှန်းကိန်းများက ပြည်သူ့ ကျန်းမာရေးအနေအထားကို ဖော်ပြနိုင်မည်ဖြစ်သော်လည်း ပြည်သူတို့၏ စိတ်ပျော်ရွှင်မှု၊ ဝမ်းနည်း ပူဆွေးနေမှု၊ စိတ်ဓာတ်ရေးရာ မလုံမခြုံဖြစ်နေမှုတို့ကို တွက်ချက်ရာတွင်မူ အခြားသော နည်းနာများဖြင့် ဥပမာအားဖြင့် အများပြည်သူသုံး ပန်းခြံများ၊ အပန်းဖြေနေရာများကို မိသားစုများ မည်မျှလောက် စိတ်ချလက်ချအသုံးပြုနေသည် စသည်ဖြင့် ဆန်းစစ်နိုင်မည် ဖြစ်ပါသည်။
ထို့အတူပင်။ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ပြည်သူတို့၏ စိတ်ချမ်းမြေ့ ပျော်ရွှင်မှု အစရှိသည်တို့အတွက် တိကျသော ကိန်းဂဏန်းများဖြင့် ဖော်ပြရန် ခက်ခဲမည်ဖြစ်သော်ငြားလည်း ပြည်သူတို့ကြားတွင်မူ ဆန်းစစ် အကဲဖြတ်နိုင်ကြတော့မည် ဖြစ်သည်ဟု မြင်ပါသည်။
အထူးသဖြင့်မူ ငြိမ်းချမ်းရေး။
နယ်မြေဒေသအသီးသီးရှိ ရာဇဝတ်မှုများ၏ တိုးမြင့်လာမှုလျော့ပါး သွားမှု၊ တရားရုံးများရှိ အမှုအခင်းများကို အချိန်ကာလအလိုက် ဖြေရှင်း နိုင်မှု အစရှိသည်တို့ကို တွက်ချက်ထုတ်နုတ်လျှင် ဖြစ်နိုင်သော်လည်း ဒြပ်မဲ့ အချက်အလက်များအတွက်မူ တွက်ချက်ဆန်းစစ်ရန် ခက်ခဲကောင်း ခက်ခဲနိုင်ပါမည်။
သို့သော်လည်း ယေဘုယျ ပြည်သူတို့၏ စိတ်ခံစားမှုများကို စာနာ နားလည်နိုင်သည့် အချက်အလက်များ ရှိနေပါသေးသည်။ ဥပမာအားဖြင့် စစ်ပွဲများရှိနေသရွေ့ ငြိမ်းချမ်းရေး စံချိန်စံညွှန်းနှင့် မပြည့်စုံသေး။ စစ်ဘေးဒဏ်က ရှောင်နေရသော ဒုက္ခသည်စခန်းများမှ ကလေးငယ် များ၏ ငြွေိုကးသံများကြားနေရသရွေ့ ငြိမ်းချမ်းရေး စံချိန်စံòန်းများနှင့် ဝေးနေဦးမည် ဟူသည့်သဘော။ ဝေးလံသီခေါင်သော ဒေသများက မူလတန်းကလေးငယ်တို့ ပညာရေး အခြေအနေ။ စစ်မက်ဒေသများရှိ ကလေးငယ်တို့၏ သေဆုံးမှုနှုန်းထားတို့က ငြိမ်းချမ်းရေးနှင့် ဆက်စပ် ပတ်သက်နေသည့် စံနှုန်းများ ဖြစ်နိုင်ပါသည်။
ယနေ့ မြန်မာနိုင်ငံ၏ အနေအထားကို ရုပ်ပိုင်းဆိုင်ရာ ကိန်းဂဏန်း များအရရော၊ စိတ်ခံစားမှုဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စံနှုန်းများအရရော ဆန်းစစ်ကြည့်လျှင် ပြည်တွင်းငြိမ်းချမ်းရေး၏ အရေးပါမှုကို အဖြေထုတ် နိုင်မည်ဟု ယုံကြည်ပါသည်။
နိုင်ငံရေးအင်အားစုများအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားကို အမှန်တကယ် ရှေးရှုသည်ဆိုလျှင် ညီညွတ်ရေး ငြိမ်းချမ်းရေးဆိုသည်ကို အလေးအနက်ထားနိုင်ကာ ဆန်းစစ်နိုင်ကြလိမ့်မည်ဟု ယူဆမိပါကြောင်း တင်ပြလိုက်ရပါသည်။ မြန်မာ့အလင်း