တာချီလိတ် ၂၅ ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၄၈) ကြိမ်မြောက် တရားပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် ရှမ်းရိုးမကွင်း၌ ညစဉ် ၇ နာရီခွဲတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တရားပွဲဖြစ်မြောက်ရေးအဖွဲ့နှင့် မြို့သူမြို့သားများစုပေါင်း၍ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တွင် ပဲခူးဥဿာဆရာတော်လေး၊ ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တွင် ဘဒ္ဒန္တပါလိတ၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် မြိုင်ဆရာတော်၊ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက်တွင် ကြာနီကန်ဆရာတော်(ဝါးခယ်မ)၊ ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် အရှင်ကုမုဒ၊ ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တွင် အရှင်ပညာနန္ဒတို့မှ အသီးသီး ဟောကြားသွားမည်ဖြစ်ကြောင်း တရားပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။ 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)