ခင်ဦး  ၂၅  ဇန်နဝါရီ 

 

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံနေရာများ လျာထားခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မောင်ရွှေက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးလှိုင်ဝင်းထွန်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံနေရာများ လျာထားခြင်း အခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဟာဗျူဟာစီမံကိန်းများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့သည်။

 

ခင်ဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ ၆၄ အုပ်စု၊ ရပ်ကွက်၊ ကျေးရွာ ၁၅၂  ရွာရှိပြီး ၂၀၁၅ ခုနှစ်တွင် မဲရုံ ၁၀၃ ရုံဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွက် မဲရုံ ၁၁၂ ရုံ တိုးချဲ့လျာထားကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)