မိတ္ထီလာ ၂၅ ဇန်နဝါရီ
မိတ္ထီလာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဇန်နဝါရီ ၂၅ နံနက် ၉ နာရီအချိန်က ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် အောင်ဇေယျာအထက(ခွဲ) မှ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား ၃၉ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ဆုရရှိသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ငုချိုချိုကျော်၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းရီ ၊ မြို့နယ်အမျိုးသမီးကော်မတီဝင် ဒေါ်စိုးဝတ်ရည်မောင်နှင့် ကော်မတီဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)