၂၅ ဇန်နဝါရီ

 

ယခုနှစ်အတွင်း နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် တရုတ်နှင့် လာအိုတို့က ယနေ့ အရေးပါသော အစီအစဉ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်။

 

mdn


 
အစီအစဉ်များစွာကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စတင်မှုအထိမ်းအမှတ်အနေဖြင့် ဇန်နဝါရီလ ၂၅ ရက်တွင် လာအို အမျိုးသားယဉ်ကျေးမှုခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း လာအို ခရီးသွားလုပ်ငန်းမှ အာဏာပိုင်များကို ကိုးကား၍ ဗီယန်ကျင်း နေ့စဉ် သတင်းစာက ရေးသားဖော်ပြခဲ့သည်။

 

အရေးပါသော အစီအစဉ်များတွင် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေမှုများ၊ လာအို-တရုတ် ခရီးသွားလုပ်ငန်း ထွက်ကုန်များ ပြပွဲတစ်ရပ်လည်း ပါဝင်မည်ဖြစ်သည်။ 

 

၂၀၁၈ ခုနှစ်အတွင်း လာအိုနိုင်ငံသို့ ခရီးသွား ၄ ဒသမ ၁ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွား ၈၀ဝ၀ဝ၀ ကျော် သည် လာအိုနိုင်ငံသို့ လည်ပတ်ခဲ့ပြီး ၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း လာအို ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။

 

Visit Laos-China Year 2019 ပွဲတော်တွင် လာအိုနှင့် တရုတ်နိုင်ငံတို့မှ အကြီးတန်းတာဝန်ရှိသူများက မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။ လာအိုအစိုးရက အဆိုပါအစီအစဉ် အောင်မြင်မှုရရှိရန် မျှော်လင့်ချက်ကြီးမားစွာရှိနေပြီး တရုတ်ခရီးသွားများကို ပိုမိုဆွဲဆောင်ရန် မျှော်လင့်လျက်ရှိ သည်။ 

 

လာအိုအစိုးရ၏ ယင်းအစီအစဉ်က လာအိုနိုင်ငံသို့ တရုတ်ခရီးသွားတစ်သန်းကျော် ဆွဲဆောင်ရန် မျှော်မှန်းထား ပြီး ယခုနှစ်အတွင်း လာအိုသို့ လာရောက်သည့် ခရီးသွားစုစုပေါင်းမှာ ၄ ဒသမ ၅ သန်းခန့် ရှိလာမည်ဖြစ်သည်။

 

mdn

 

တရုတ်ခရီးသွားများကို ဆွဲဆောင်မည့် အစီအစဉ်များပြုလုပ်ရန် စီစဉ်ထားကြောင်း လာအိုခရီးသွားလုပ်ငန်း အာ ဏာပိုင်များက ပြောကြားသည်။ အဆိုပါအစီအစဉ်များတွင် လာအို-တရုတ် သံတမန်ဆက်ဆံရေး ၅၈ နှစ် မြောက် အခမ်းအနားကျင်းပမည့် တရုတ်ယဉ်ကျေးမှု ရက်သတ္တပတ်လည်း ပါဝင်သည်။ 

 

လာအိုနိုင်ငံမြောက်ပိုင်း လွမ်ဘရာဘန်၌ ဆောင်းလယ်ပွဲတော်တစ်ခုနှင့် တရုတ်ယဉ်ကျေးမှုဖျော်ဖြေပွဲများ ကျင်း ပမည်ဖြစ်သလို ခရီးသွားလုပ်ငန်း အာဏာပိုင်များက လာအိုနိုင်ငံတောင်ပိုင်း၊ ချမ်ပါဆတ်ပြည်နယ်၌ လာအို-တရုတ် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပမည်ဖြစ်သည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်