နေပြည်တော် ၂၅ ဇန်နဝါရီ
ဟိုပုံးမြို့နယ်၊ တုတ်စောက်ကျေးရွာတောင်ဘက်ရှိ ဘိန်းစိုက်ခင်း (၂၇) ဧကကို ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့က ယမန့်နေ့ နံနက်ပိုင်းက ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
အလားတူ မိုင်းဆတ်မြို့နယ်၊ ရှုခင်းသာကျေးရွာရှိ ဘိန်းစိုက်ခင်း(၃ ဒသမ ၁)ဧကခန့်၊ ငဖဲမြို့နယ် မကန်းကျေးရွာရှိ ဘိန်းစိုက်ခင်း(၄)ဧကခန့်တို့ကိုဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN
Related Articles