၂၅ ဇန်နဝါရီ

 

ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန်အာမက်ရှားသည် ကြာသပတေးနေ့တွင် မလေးရှားနိုင်ငံ၏ ၁၆ ဆက်မြောက်ဘုရင်ဖြစ် လာဖွယ်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ထိုနိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း နိုင်ငံသတင်းဌာန ဘာနားမားတွင် ဖော်ပြထားသည်။

 

အဗ္ဗဒူလာသည် ပြီးခဲ့သည့် ၆ ရက်နေ့က ရာထူးမှနှုတ်ထွက်ခဲ့သည့် ဘုရင်ဟောင်း ဆူလ်တန် မူဟာမက် ၅ နေရာတွင် တာဝန်ထမ်းဆောင်ရမည့် မလေးရှားဘုရင်အဖြစ်  ရာထူးအပ်နှင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို