ရန်ကုန်  ၂၅ဇန်နဝါရီ   


မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသည့် " သွေးချင်းတို့ရဲ့ ပွဲတော်ဆီ " ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံ အားကစားကွင်း အတွင်း၌ ကျင်းပခဲ့သည်။

 

mdn


အခမ်းအနားကို ရခိုင်စည်တော်အဖွဲ့ဖြင့် ဖွင့်လှစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးယောဆက်က ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

 

mdn


ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက် နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

mdn


ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများက တိုင်းရင်းသားရိုးရာပြခန်းများနှင့် အခြားစီးပွားရေးဆိုင်ရာ ပြခန်းများကို လေ့လာခဲ့ကြပြီး မနောကချင်ရိုးရာအကများဖြင့် ပါဝင်ဆင်နွှဲကြသည်။ ဆက်လက်၍ ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် ပွဲတော်ပထမနေ့တွင် ပွဲတော်သို့လာရောက်ပါဝင်ဆင်နွှဲသည့် ပရိတ်သတ်များဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင် (တာမွေ)