ဖလမ်း ၂၅ ဇန်နဝါရီ
ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG) မှ ကြီးမှူးဖွင့်လှစ်သော ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ လိုက်လျောညီထွေရှိစေခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ခမ်းအနားတွင် ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က အမှာစကားပြောကြားပြီး ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့(NAG) ဖလမ်းမြို့နယ်တာဝန်ခံ ဦးဗန်ဟဲလ်ထန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းကို ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် /ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူတို့က သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်း (၃၉)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဂျွန်