ကျိုင်းတုံ ၂၅ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျိုင်းတုံ/မိုင်းလားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့၏ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အဖွင့်အမှာစကား ပြောသည်။ ထို့နောက် ရှမ်းပြည်နယ်ရုံးခွဲ(ကျိုင်းတုံ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ရုံးခွဲ ဦးစီးမှူး ဦးကြည်စော က အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းပြသည်။

ယင်းနောက် ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရဲခေါင်က ကျိုင်းတုံမြို့နယ်အတွင်း၌ မြစိမ်းရောင်စီမံကိန်းကို၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၇၂ ယူနစ် ၁၅၂ ရွာအား မတည်ငွေကျပ်သိန်းပေါင်း ၂၁၆၀ ကျော်ဖြင့် စတင်ခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ အမြတ်ငွေကျပ်သိန်းပေါင်း (၆၄၀) ကျော် ရရှိပြီဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မိုင်းလားမြို့နယ်ဦးစီးမှူး ဦးသက်ညီညီက မိုင်းလားမြစိမ်းရောင်စီမံကိန်း၏တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင် စီမံကိန်းစံပြကျေးရွာများဖြစ်သော ကျိုင်းတုံမြို့နယ်မှ ပထမဆုရ နမ့််အော်ရွာ၊ ဒုတိယဆုရ ဝင်းဘိုရွာ၊ တတိယဆုရ ဆုန်းပေါ်ရွာနှင့် မိုင်းလားမြို့နယ်မှ ပထမဆုရ နမ့်ကာရွာ၊ ဒုတိယဆုရ ကော်နဝါးရွာ၊ တတိယဆုရ နမ့်ကွမ်ရွာတို့အား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN
