ငါးသိုင်းချောင်း  ၂၆  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏အစီအစဉ်ဖြင့် မှုခင်းလျော့နည်းကျဆင်းရေးအတွက် တိုင်းဒေသကြီးအတွင်း မှုခင်းပြခန်းယာဉ်ဖြင့် လှည့်လည်ပညာပေးပြသဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ မြို့မရပ်ကွက် ရွှေတောင်လမ်းနှင့်မြဝတီလမ်းထောင့် မြို့မဈေးထိပ်တွင် မှုခင်းပညာပေးပြခန်းယာဉ် ရောက်ရှိပြသခဲ့သည်။

 

IMG_201901

 

ငါးသိုင်းချောင်းနယ် မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ကျော်စိန်လှိုင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူလူထုသို့ မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း/မှုခင်းပညာပေးပြခန်းယာဉ်တွင် ဖော်ပြထားသော မှုခင်းအသိပညာပေးပြကွက်များ ရှင်းလင်းပြသခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြသည်။

 

တိုင်းဒေသကြီးအတွင်း မှုခင်းလျော့နည်းကျဆင်းရေးအတွက် ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ ပြခန်းယာဉ် စတင်ထွက်ခွာပြသလာခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ပုသိမ်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်းရှိ နယ်မြေရဲစခန်းများနှင့် ချိတ်ဆက်ပူးပေါင်းပြသသွားမည်ဖြစ်ရာ ယနေ့အထိ မြို့ပေါင်း ၄ မြို့ပြသဆောင်ရွက်ပြီး ဖြစ်ကြောင်း/တိုင်းဒေသကြီး တစ်ခုလုံးဆက်လက် လှည့်လည်ပြသသွားရန် စီစဉ်ထားပြီး ယနေ့ငါးသိုင်းချောင်းမြို့တွင် မှုခင်းအသိပညာပေး လက်ကမ်းစာစောင် ၂၅၀ ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဒေသခံ ပြည်သူအင်အား ၂၀ဝ ဦးခန့် လာရောက်လေ့လာခဲ့ကြောင်း မှုခင်းပညာပေးပြခန်းယာဉ်တာဝန်ခံ ရဲအုပ်အေးမင်းသန်းက ပြောကြားထားကြောင်း သတင်းရရှိသည်။

 

စိုးမင်းဦး(ပြန်/ဆက်)

 

IMG_20190