မိုးညို ၂၆ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြောက်လုတ်ကုန်းအုပ်စုနှင့် ကရင်ချောင်အုပ်စုအတွင်းသို့ နတ်တလင်းမြို့နယ် တောင်ညိုဆည်မှ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေလွှတ်ပေးမှုကြောင့် အဆိုပါကျေးရွာအုပ်စု(၂)စုကြား ဖြတ်သန်းစီးဆင်းသော မြစ်မခချောင်းမှတဆင့် ရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ရေလျှံခြင်းကြောင့် မြောက်လုတ်ကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၀၉ w) ရှိ တောင်သူ ၃၃ ဦး၏ ကုလားပဲစိုက်ခင်း ၁၁၉ ဧက၊ ကရင်ချောင်အုပ်စု ကွင်းအမှတ် (၁၀၉W)ရှိ တောင်သူ ၃၁ ဦး၏ ကုလားပဲစိုက်ခင်း ၉၄ ဒသမ ၅၀ ဧက၊ စုစုပေါင်း တောင်သူ ၆၄ ဦး၏ စိုက်ဧက ၂၁၃ ဒသမ ၅၀ ဧက ရေနစ်မြုပ်ခဲ့ရာ မြို့နယ်မှတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(မိုးညို)
