မြင်းခြံ  ၂၆  ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၆) ရပ်ကွက်ရှိ တော်ဝင်ဆေးရိုးစက်တွင် ဇန်န ဝါရီ ၂၆ ရက်၊ နံနက် ၁ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဆေးရိုးကြပ်ကင်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး (၁၀’x၁၂’) မြေ စိုက်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံမီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၃) စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြသည်။

 

အဆိုပါ မီးလောင်မှုကြောင့် မြေစိုက်အိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ ကြပ်ဖိုတာဝန်ခံ ဦးနိုင်ဝင်းထွန်း (ခ) ဦးထင်ကျော်အား မြင်းခြံမြို့မရဲစခန်းမှ အရေးယူဆောင် ရွက်ထားကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင် ( မြင်းခြံ ) 

 

11