နေပြည်တော် ၂၆ ဇန်နဝါရီ

မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီက နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေး ကားလမ်းပေါ်တွင် လွင်မျိုးဦး မောင်းနှင်ပြီး စောမြင့်ထွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လည်းကောင်း။

အလားတူ ယင်းနေ့နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကုန်းပေါင်းလမ်းရှိ ဒေါ်ပါဆိုင်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၆၂၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၂၄ ရက် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းရှေ့လမ်းဆုံတွင် ကျော်ကျော်ဝင်း မောင်းနှင်ပြီး စိုင်းလုံသန်း လိုက်ပါလာသည့် VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ သြစတြေးလျနိုင်ငံထုတ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် ၁ ခု၊ စိုင်းလုံသန်းထံမှ စိတ်ကြွရူးသွပ်ဆေး ၁၇ ပြားနှင့် Gas သေနတ် ၁ လက်တို့ကို လည်းကောင်း။

အလားတူ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၈) ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၏ အရှေ့ဘက်ရှိ ကျပို(ခ)ရှဲစိန်၏ လယ်စောင့်တဲအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ လောပို၊ ကျန်သ၊ ကျန (ခ) ပေတရုပ်၊ အားရို၊ နော်မွန်တို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၊ တူမီးသေနတ် ၁ လက်၊ မြန်မာငွေကျပ် ၇၅၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN