ရန်ကုန် ၂၆ ဇန်နဝါရီ


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ (၁၃)ဦး၏ ကျန်ရစ်သူမိသားစုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။


ကျဆုံးတပ်ဖွဲ့ဝင် (၁၃)ဦး၏ မိသားစုများအတွက် Online မှ စုပေါင်းလှူဒါန်းငွေ ကျပ် ၆၅၉၄၀ဝ၀၊ WK auto mechanic Service မှ စုပေါင်းကောက်ခံရရှိငွေ ကျပ် ၁၇၈၀ဝ၀ဝ၊ ကိုအရည်ကြို Facebook Profile လေလံသို့ JY Service မှ လှူဒါန်းငွေ ကျပ် ၁၁၀ဝ၀ဝ၀ စုစုပေါင်း ကျပ် ၉၄၇၄၀ဝ၀ ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)

 

ာ္ည