မိုင်းယောင်း ၂၆ ဇန်နဝါရီ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ခိုးကျေးရွာသို့ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်လာသည့် မြောင်စီးတိုင်းရင်းသား အိမ်ထောင်စုဝင် ၄၇ ဦးအား အာဟာရဖြစ် အစားအစာများနှင့် ပစ္စည်းများကို ဇန်နဝါရီ ၂၆ ရက်က သွားရောက်ထောက်ပံ့ပေးခဲ့သည်။


ထိုသို့ ထောက်ပံ့ရာတွင် မြောင်စီးတိုင်းရင်းသား အိမ်ထောင်စုဝင်များကို အမှတ် (၅၇၃) ခြေမြန်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးထွန်းအောင်ကျော် ဦးစီးသောအဖွဲ့သည် ဆန်အိတ်များ၊ ဆီ၊ ရွှေဖီဦးလက်ဖက်ထုပ်များနှင့် မားမားခေါက်ဆွဲဖာများကို သွားရောက်ထောက်ပံ့ပေးခဲ့ပြီး အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။ 


MDN

 

mdn