နေပြည်တော် ၂၇ ဇန်နဝါရီ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက် ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်မှာ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ အမြင်တာမှာ (၅)မိုင်ဖြစ်ပြီး ရေပြင်လေသည် အရှေ့(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် (၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ရှိနိုင်သည်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်မှာ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း အများအားဖြင့် သာယာမည်။ အမြင်တာမှာ (၅)မိုင်ဖြစ်ပြီး ရေပြင်လေသည် မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင်(၅-၁၀)မိုင်၊ တစ်ခါတစ်ရံ (၂၅)မိုင် ရှိနိုင်သည်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။
MDN