မလှိုင် ၂၇ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာတွင် ရေတွင်းထဲရှိ ရေစုပ်စက်ဆင်းပိတ်ရာမှ ရေတွင်းထဲသို့ လူသုံးဦးပြုတ်ကျကာ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မလှိုင်မြို့ ပန်းအိုင်ကျေးရွာအုပ်စု ကံဦးကျေးရွာနေ ဒေါ်အေခင် (၇၇)နှစ်၏ နေအိမ်ခေါင်းရင်းရှိ အမြင့်(၂)ပေ (၆)လက်မခန့်၊ အဝအကျယ် (၂)ပေ (၆)လက်မခန့်ရှိ အနက်ပေ(၃၀)ခန့်ရှိသော ရေတွင်းတွင် နွံ့များရှိနေ၍ ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခန့်က ရေတွင်းထဲရှိရေများအား ရေစုပ်စက်ဖြင့် စုပ်တင်၍ ပြန်လည်ဆယ်ယူရာ ညနေ ၆ နာရီခန့်တွင် တစ်ရွာထဲနေ  ဒေါ်အေးခင်၏တူဖြစ်သူ မျိုသန်းဇော် (၃၇)နှစ်မှ ရေစုပ်စက်အား ဆင်းပိတ်ပြီး ပြန်အတက်တွင် ရေတွင်းထဲသို့ ပြုတ်ကျခဲ့ကြောင်း၊ ဒေါ်အေးခင်၏သားဖြစ်သူ ကိုကျော်ဆန်းလွင် (၅၀)နှစ်မှ ဆင်းဆယ်ရာ ထပ်မံပြုတ်ကျသွား၍ တူဖြစ်သူ ကျော်စိုးမိုး (ခ) ဗလကြီး (၄၁)နှစ်မှ ရှေ့မှနှစ်ဦးအားဆယ်ယူရာ ထပ်မံပြုတ်ခဲ့ကြောင်း၊ ကျေးရွာရှိ လူများမှ ၎င်းတို့သုံးဦးအား ဆယ်ယူရာ မျိုးသန်းဇော်နှင့် ကျော်ဆန်းလွင်တို့အား ပြန်လည်ဆယ်တင်ရရှိခဲ့ပြီး ကျော်စိုးမိုး (ခ) ဗလကြီးမှာ ရေအောက်နစ်မြုပ်နေ၍ ဆယ်တင်မရသဖြင့် မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း၊ မီသတ်ဦးစီးမှူး ဦးဇေယျာအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရေတွင်းထဲတွင် သေဆုံးနေသော ကျော်စိုးမိုး (ခ) ဗလကြီးအား ပြန်လည်ဆယ်တင်နိုင်ခဲ့ကြောင်း မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ကျော်စိုးမိုး (ခ) ဗလကြီး၏ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရသည်။

 

ဘိုဘို(မလှိုင်)