မြောင်းမြ ၂၇ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက အဆိုပါဈေးရှေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးဇာတ်တိုက်လေ့ကျင့်မှုတွင် မီးကာဝတ်စုံဖြင့် မီးတောက်အတွင်း ဝင်ရောက်၍ သော့ဖြတ်ခြင်း၊ D.C.P မီးသတ်ဆေးဘူးဖြင့် ဆီမီးလောင်မှု ငြှိမ်းသတ်ခြင်း၊ Foam ဆေးရည်ဖြင့် ဆီမီးလောင်မှု ငြှိမ်းသတ်ခြင်း၊ Water misk gun ဖြင့် ဆီမီးလောင်မှု ငြှိမ်းသတ်ခြင်း၊ မီးခိုးထုအတွင်း ပိတ်မိနေသော လူနာအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ခြင်း၊ မီးခိုးငွေ့များအား မီးခိုးစုပ်စက်ဖြင့် မီးခိုးစုပ်ထုတ်ခြင်း၊ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မီးသတ်ထော်လာဂျီများ၊ အပေါ့စား မီးသတ်စက်များဖြင့် မီးငြှိမ်းသတ်နည်း အဆင့်ဆင့်တို့ကို ခရိုင် မီးသတ်ဦးစီးမှူး ဦးအေးလွင်နှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်မင်းတို့က ဦးဆောင်၍ မီးသတ်အင်အား ၁၀ဝ ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ မီးဘေးဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးလောင်မှုဖြစ်ပွားပါက လျင်လျင်မြန်မြန်ဖြင့် ငြှိမ်းသတ်နိုင်ရေး၊ ဈေးအတွင်း ပိတ်မိနေသော လူနာများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ လျင်လျင်မြန်မြန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်ရခြင်းဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး (ပြန်/ဆက်)
