တပ်ကုန်း ၂၇ ဇန်နဝါရီ
နေပြည်တော် တပ်ကုန်းမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု၊ လက်ပံတောကျေးရွာတွင် ယနေ့ နံနက် ၆ နာရီက နေအိမ်တစ်လုံးနှင့် နွားတင်းကုတ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုသည် ဟင်းချက်ဒယ်အိုးကြိုး ပလပ်ပေါက်တပ်ဆင်ထားရှိသည့် ပလပ်ပေါက်မှတစ်ဆင့် ဝါယာရှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးနှင့် နွားတင်းကုတ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကြောင့် လက်ပံတောကျေးရွာနေ ဦးညီလေးအား တပ်ကုန်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)