လေးမျက်နှာ၊ ၂၃ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်  အောင်မင်္ဂလာဈေးနှင့် လမ်းဆုံလမ်းခွများတွင်  မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(mask) ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့​သည်။

ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(mask)များ ဖြန့်ဝေရာ၌   အောင်မင်္ဂလာဈေးနှင့် လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။ အသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ  ကာကွယ်ဆေးထိုးနှံပြီးသည့် အရေအတွက်၊  ဇွန်လ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူဦးရေ၊ ပြန်လည်ကောင်းမွန်သူဦးရေနှင့် သေဆုံးသူဦးရေ၊ မြို့နယ်အလိုက် မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိမှု၊  ကာကွယ်ဆေးထိုးနှံထားပါက  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအား  ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း၊  ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် သာ၍ကောင်းမွန်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်သည့်  အမိန့်ကြေညာချက်နှင့် လမ်းညွှန်ချက်များကို တိကျစွာလိုက်နာရန် အထူးအရေးကြီးကြောင်း၊  ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲများ တွေ့ရှိမှုအခြေအနေ၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများ  နိုင်ငံအတွင်း ဝင်ရောက်ကူးစက်ပြန့်ပွားမှုအား  ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေး ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ ပါဝင်သည်။

အသိပညာပေးလှုပ်ရှားမှုတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)

mdn