မင်းဘူး ၂၇ ဇန်နဝါရီ     

   

မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ 220MW Solar Power Plant Project စက်ရုံတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ရှေးဦးစွာ မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်က လျှပ်စစ်မီးလောင်မှုဖြစ်ရခြင်း အကြောင်းရင်းများ၊ လျှပ်စစ်မီးလောင်မှု မဖြစ်ပွားစေရေး ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများ၊ မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းအရင်းများနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မင်းဘူးခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်နှင့် အဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ လေ့ကျင့်ရာတွင် ဆီမီးလောင်မှုအား အဆိုပါ စက်ရုံဝန်ထမ်းများကိုယ်တိုင် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်စေခြင်း၊ အဝတ်စိုဖြင့် ဖုံးအုပ်ငြှိမ်းသတ်ခြင်းများကို လက်တွေ့ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။      

         

မျိုးမြတ်(မင်းဘူး)