ရွှေကူ ဇွန် ၃၀

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၃၅)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၇၃)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ဇွန် ၂၉ ရက် ညနေ နာရီတွင် RDT (Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ အောင်မြေသာဇံမြို့နယ်၌ နေထိုင်သော အမျိုးသား()ဦးထံတွင် ကိုဗစ်၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

 

အဆိုပါ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသော ယာဉ်မောင်းအမျိုးသားအား ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ (ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT (Rapid Antigen Diagnostic Test Kit)ဖြင့် ပြန်လည်စစ်ဆေးရာမှ ဇွန် ၃၀ ရက်အထိ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ()ဦးရှိပြီဖြစ်ကြောင်း၊ ၎င်းပိုးတွေ့လူနာ ()ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ် ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)