ကျောက်ဆည်  ၂၇ ဇန်နဝါရီ

 

ကျောက်ဆည်မြို့တွင် ယာဉ်/လမ်းစည်းကမ်းများ ဆောင်ရွက်နေစဉ် ရက်ပေါင်း ၂၅ ရက်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် ငါးစီး ဖမ်းဆီးရမိအရေးယူဆောင်ရွက်ခဲ့ကြောင်း ကျောက်ဆည်မြို့၊ အမှတ်(၉၂)ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှ၊ တပ်ဖွဲ့စုမှူး ရဲအုပ်ကျော်စိုးလွင်၏ ပြောကြားမှုရအရ သိရှိရသည်။

 

အဆိုပါလိုင်စင်မဲ့ကားများကို ဇန်နဝါရီ ၁၀ ရက်နေ့တွင် TOYOTA MARK II မီးခိုးရောင်ကားတစ်စီး၊ ဇန်နဝါရီ ၁၅ ရက်နေ့တွင် FUSO အမျိုးအစား ၁၂ ဘီး အပြာရောင်ကားတစ်စီး၊ ဇန်နဝါရီ ၂၃ ရက်နေ့တွင် MITSUBISH အမျိုးအစားအဖြူရောင်ကားတစ်စီး၊ ဇန်နဝါရီ ၂၄ ရက်နေ့တွင် Edix အမျိုးအစား အဖြူရောင် ကားတစ်စီးနှင့်ဇန်နဝါရီ ၂၅ ရက်နေ့တွင် နံပတ်တပ်ဆင်ထားသည့် TOYOTA NOHA အမျိုး အစား အဖြူရောင်ကားတစ်စီးတို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းကားများကို မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြား အရေးယူနိုင်ခဲ့ပြီး၊ ၂၀၁၈-ခုနှစ်တွင်လည်း လိုင်စင်မဲ့ကားအမျိုးမျိုး ၂၆ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ခရိုင်ပြန်ဆက်မှ သိရသည်။ 

 

MDN

 

20190125