မိုင်းယောင်း ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း ပွဲလမ်းသဘင်များ (အိမ်သစ်တက်ပွဲများနှင့် မွေးနေ့ပွဲများပါမကျန်) ကျင်းပခြင်း မပြုစေရေးအတွက် အထူးကြပ်မတ် ဆောင်ရွက်သွားရန် ဇူလိုင် ၂ ရက် ရက်စွဲဖြင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသို့ အကြောင်းကြားထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် ယခင်ထက် ပိုမိုကူးစက်လွယ်ပြီး သေဆုံးမှုမြင့်မားသော မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများဖြစ်ပွားနေ၍ ပိုးတွေ့အတည်ပြုလူနာများ များလာခြင်းနှင့် ရောဂါကြောင့် နေ့စဉ်သေဆုံးမှုများစွာ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ဆင့်ပွားကူးစက်မှုများနေသဖြင့် တိုင်းဒေသကြီး(သို့) ပြည်နယ်များတွင်လည်း ကူးစက်ခံရသူ ရေအတွက်များပြားစွာ ဖြစ်ပေါ်လျက်ရှိသောကြောင့် မိုင်းယောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မည့်သည့်ပွဲလမ်းသဘင်များ ကျင်းပခွင့်မပြုရေး ညွှန်ကြားထားခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အားချာ