မန္တလေး ၁၇ သြဂုတ်
မတ္တရာမြို့နယ် တောင်းပြုံးပွဲတော်သို့ မြန်မာ့မီးရထားမှ တောင်ပြုံးအထူးရထား အစုန်၊ အဆန် ၆ ခေါက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်ပြုံးပွဲတော် အထူးရထားကို သြဂုတ် ၁၉ ရက်မှ ၂၆ ရက်အထိ ပြေးဆွဲပေးမည်ဖြစ်ပြီး တောင်ပြုံးသည် မန္တလေး-မတ္တရာ ရထားလမ်းပိ်ုင်းကြားဘူတာ တစ်ခုဖြစ်တာကြောင့် ပွဲတော်အတွင်း ပုံမှန်ထက် တိုးချဲ့၍ ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
“မန္တလေး-မတ္တရာလမ်းပိုင်းမှာ ပုံမှန်က ရထား ၂ စင်းပြေးတယ်။ ပွဲတော်ကာလမှာ တောင်ပြုံးအထူးရထားကို နှစ်စဉ်ပြေးဆွဲရာမှာ ဒီနှစ်တော့ အစုန်၊ အဆန် ၆ ခေါက်ပြေးမယ် ”ဟု သူရဲဈေး ဘူတာရုံပိုင်ကပြောသည်။
မတ္တရာရထားသည် ပုံမှန်တွဲဆိုင်း ၇ တွဲချိတ်ပြီး တောင်ပြုံးရထား အထူးရထားအတွက် ၁၀ တွဲချိတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
မန္တလေး-မတ္တရာခရီးစဉ် ပုံမှန်ရထားစီးခရီးသည်မှာ တစ်ရက်လျှင် ၂၀ဝ ခန့်ရှိသော်လည်း တောင်ပြုံးပွဲတော် ရက်တွင် ခရီးသည် ၂၀ဝ၀ ခန့်မှ ၄၀ဝ၀ ခန့်ထိရှိကြောင်း ၂၀၁၆ ခုနှစ် တောင်ပြုံးခရီးစဉ် မှတ်တမ်းများအရ သိရသည်။
တောင်ပြုံးအထူးရထားခရီးစဉ်များမှာ အဆန်ရထား ၅-၄၁ ရထားကို မန္တလေးဘူတာကြီးမှ နံနက် ၄ နာရီ ၄၅ မိနစ်ထွက်ခွာ၍ သူရဲဈေးဘူတာမှ အဆန်ရထားများအဖြစ် နံနက် ၆ နာရီ၊ မိနစ် ၅၀ တွင် A1 ရထား၊ နံနက် ၉ နာရီတွင် မ-၄၃ ရထား၊ နံနက် ၁၁ နာရီတွင် A-3 ရထား၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မ-၄၅ ရထား၊ ညနေ ၃ နာရီခွဲတွင် A-5 ရထား၊ ည ၇နာရီ ၂၅ မိနစ်တွင် A-7 ရထားတို့ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်