ဗီယင်နာ ၁၇ သြဂုတ်

 

သြစတြီးယားနိုင်ငံရဲ့ မြို့တော်ဗီယင်နာဟာ ၇ နှစ်တာ ဗိုလ်စွဲခဲ့တဲ့ သြစတြေးလျရဲ့ မဲလ်ဘုန်းမြို့တော်ကို ကျော်လွှားပြီး ကမ္ဘာ့နေချင်စဖွယ် အကောင်းဆုံးမြို့အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ နှစ်စဉ်ပြုလုပ်နေကြ စစ်တမ်းတစ်ရပ်က ဒီသတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ 

 

အကောင်းဆုံး ကစားကွင်းတွေရှိပြီး နေချင်စဖွယ်၊ အလုပ်လုပ်ချင်စဖွယ် မြို့ပြတွေကို ဖော်ထုတ်စာရင်းပြုစုနေတဲ့ Economist Intelligence Unit ရဲ့ အခုလိုနှစ်စဉ် စစ်တမ်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်တာဟာဆိုရင် ဥရောပနိုင်ငံရဲ့ မြို့တော်အနေနဲ့ ပထမဆုံးပဲ ဖြစ်ပါတယ်။ 

 

နှစ်စဉ် နိုင်ငံပေါင်း ၁၄၀ က လူနေမှုအဆင့်အတန်း၊ ရာဇဝတ်မှု၊ ပို့ဆောင်ရေး အခြေခံအဆောက်အဦ၊ ပညာသင်ယူခွင့် ရရှိနိုင်မှုအခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုတွေပေါ်မူတည်ပြီး အမှတ် ၁၀ဝ ထဲကနေ ပေးသွားတာပဲ ဖြစ်ပါတယ်။ 
ဒီစစ်တမ်းမှာဆိုရင် ဗီယင်နာမြို့တော်အနေနဲ့ အကောင်းဆုံးအဖြစ် ရမှတ် ၉၉.၁ ထိ ရရှိခဲ့ပြီး ၉၈.၄ မှတ်ရရှိတဲ့ မဲလ်ဘုန်းမြို့က ဒုတိယနေရာ ရရှိခဲ့ပါတယ်။ တတိယနေရာကိုတော့ ဂျပန်ရဲ့ မြို့တော်အိုဆာကာက ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

 

သြစတြေးလျရဲ့ မြို့တော်တွေဖြစ်တဲ့ မဲလ်ဘုန်းအပြင် ဆစ်ဒနီက ငါးနေရာမြောက်နဲ့ အက်ဒလေက ၁၀ နေရာမြောက်တို့မှာ ရှိနေပြီး ကနေဒါနိုင်ငံရဲ့မြို့တော်တွေဖြစ်တဲ့ ကယ်ဂရီ က လေးနေရာမြောက်၊ ဗန်ကူဗာက ခြောက်နေရာနဲ့ တိုရွန်တိုက ပူးတွဲအဆင့်ခုနှစ် နေရာရရှိခဲ့အတွက် သြစတြေးလျနဲ့ ကနေဒါနိုင်ငံတို့က ထိပ်တန်း ၁၀ နိုင်ငံကို ဦးဆောင်ထားတာပဲ ဖြစ်ပါတယ်။ 

 

“ရမှတ်အများဆုံးရရှိတဲ့ မြို့တော်တွေဟာဆိုရင် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကြီးတွေက အလယ်အလတ်အရွယ်အစားရှိတဲ့ မြို့ကြီးတွေ ဖြစ်လေ့ရှိတယ်လို့” သုတေသီတွေက ဒီစစ်တမ်းမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် ထိပ်တန်း ၁၀ နိုင်ငံထဲက မြို့တော်များများဟာဆိုရင် လူဦးရေသိပ်သည်းမှုနည်းပါးပြီး ဝန်ပိနေတဲ့ အခြေခံအဆောက်အဦတွေ ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ဦးတည်မနေတဲ့ အလွယ်တကူ အပန်းဖြေနိုင်တဲ့ လုပ်ဆောင်မှုတွေရှိတယ်လို့လည်း သုတေသီတွေက မှတ်သားခဲ့ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုကလည်း ပူးတွဲအဆင့်၇ နေရာမှာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ဥရောပရဲ့ မြို့တော်တစ်ခုဖြစ်တဲ့ ကိုပင်ဟေဂင်ကလည်း အဆင့် ၉ နေရာမှာ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုးကား- အေဖက်ပီ
ဘာသာပြန်- စုရည်