မြို့သစ် ဇူလိုင်   ၁၂

မကွေးတိုင်းဒေသကြီး၊ မြိို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ်(၉)ဦး ထပ်တိုးတွေ့ရှိကြောင်း ဇူလိုင် ၁၁ ရက် နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စစ်ဆေးထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့ အတည်ပြုလူနာများမှာ မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်မှ (၄)တစ်ဦး၊ ဂွေးကုန်းအုပ်စု၊ စစ်တောကုန်းကျေးရွာမှ (၃)ဦး၊ နဘဲကုန်းအုပ်စု၊ ကိုရံမြောက်ရွာမှ (၁)ဦး၊ ပုတီးကုန်းကျေးရွာအုပ်စု၊ ရေကြည်ပင်ကျေးရွာမှ (၁)ဦး စုစုပေါင်း (၉)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ (RDT) စစ်ဆေးချက်အရ သိရသည်။

ပိုးတွေ့အတည်ပြုလူနာများသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မြို့နယ် ကိုဗစ်-၁၉ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအရ ၎င်းတို့၏နေအိမ်တွင် HQ ထားရှိ ကုသပေးသွားမည်ဖြစ်ကြောင်း၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့သစ်မြို့နယ်တွင် ကိုဗစ်—၁၉ ရောဂါအတည်ပြုလူနာ (၈၀)ရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၀)ဦးရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)