မြဝတီ ဇူလိုင် ၁၂
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင် ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၃၅ ဦးတွေ့ ရှိပြီး သေဆုံးသူ ၆ ဦးထိ ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာနှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေးလျက်ရှိကာ အထူးကြပ်မတ်ကုသရန် လိုအပ်သည့်လူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင်တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့တွင် ဇူလိုင် ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အသစ် ၃၅ ဦးတွေ့ရှိကာ တစ်နေ့တည်း သေဆုံးသူ ၃ ဦးထိရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ၄၄၁ ဦးကို လက်ရှိ ကန့်သတ်စောင့်ကြည့် ကုသလျက်ရှိကြောင်း ဇူလိုင် ၁၁ ရက်အထိ စာရင်းများအရ သိရသည်။
ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုများ များလာသဖြင့် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေးလျက်ရှိပြီး အခြေခံပညာကျောင်းများပါ နှစ်ပတ် ပိတ်ထားလျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်