မော်လမြိုင် ဇူလိုင် ၁၇

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇူလိုင် ၁၆ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အောက်စီဂျင်လိုအပ်သည့် ပိုး​တွေ့အတည်ပြု လူနာများအတွက် ကျန်းမာ​ရေး​စောင့်ရှောက်မှု ပေး​နိုင်ရန် အောက်စီဂျင် ထုတ်လုပ်နေသည့် မော်လမြိုင်မြို့၊ ​အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီး​နှင့် ပုဂ္ဂလိကစက်ရုံအဖြစ် ကျောက်တန်း စက်ရုံစုရှိ သံလွင်​အောက်စီဂျင်ထုတ် စက်ရုံတို့အား သွားရောက်ကြည့်ရှုသည်။

 

ထိုသို့ကြည့်ရှုရာတွင် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျင်မြန်စွာ မြင့်တက်လာပြီဖြစ်ကြောင်း၊ အောက်စီဂျင်လိုအပ်သည့် ပိုး​တွေ့ရှိ အတည်ပြုလူနာများအတွက် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများတွင် ကျန်းမာ​ရေး​စောင့်ရှောက်မှုကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေး၊ ဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့ကို အထူးအ​လေး​ထား​ ဆောင်ရွက်​ကြရန် လမ်းညွှန်မှာကြားသည်။

မွန်ပြည်နယ်တွင် အောက်စီဂျင်ထုတ်လုပ်​မှုအ​နေဖြင့် မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကုဆေးရုံကြီးတွင် အောက်စီဂျင်စက်နှစ်လုံးမှ တစ်​နေ့လျှင် (၄၀) လီတာအိုး အလုံး (၈၀) နှင့် ​ရေးမြို့နယ် ပြည်သူ့​ဆေးရုံတွင် အိုးအလုံး (၄၀) ထုတ်လုပ်​ပေးလျက်ရှိ​​ပြီး ပုဂ္ဂလိက စက်ရုံများအ​နေဖြင့် လိုအပ်သည့်အောက်စီဂျင်များကို ထုတ်လုပ်နိုင်​ရေး အထူးအ​လေး​ပေး​ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)