ရေးသားသူ Dr. Ye Mhan Linn

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

မူးဝေခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် အဓိကတွေ့ကြုံရသော ပြဿနာဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ကာလ တစ်လျောက်လုံး မူးဝေခြင်းကို ကြုံတွေ့ရနိုင်ပြီး ယင်းကို ကျော်လွားနိုင်ရန် အောက်ပါ အချက်များသည် အထောက်အကူ ပြုပါလိမ့်မည်။

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်းကို ဘာတွေက ဖြစ်စေသလဲ။

ကိုယ်ဝန်ဆောင်ချိန်တွင် သွေးသားအပြောင်းအလဲကြောင့် ခန္ဓာကိုယ်တွင်း သွေးကြောများသည် အရွယ်အစား ကြီးမားလာပါသည်။ ယင်းမှာ သန္ဓေသားဆီသို့ သွေးများများစွာ ရောက်ရန် အထောက်အကူ ပြုစေသော်လည်း သွေးဖိအားကို ကျဆင်းစေပြီး ဦးနှောက်ထဲ သွေးဝင်နည်းစေကာ မူးဝေခြင်းကို ဖြစ်စေနိုင်ပါသည်။

မူးဝေခြင်းသည် နှလုံးနှင့် သွေးလှည့်ပတ် အဖွဲ့အစည်းကို အပြောင်းအလဲများ ဖြစ်စေပါသည်။ နှလုံးခုန် မြန်လာခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးပမာဏများပြားစေပါသည်။ ထို့ပြင် သွေးတွင်း သကြားဓာတ်ကိုလည်း ကျဆင်းစေပြီး ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များကို ပြောင်းလဲစေပါသည်။ ထို့အပြင် ကြီးထွားလာသော သားအိမ်ကြောင့်လည်း သွေးကြောများတွင် ဖိအားတက်လာစေနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် မူးဝေခြင်းကို ဘယ်လို ကာကွယ်မလဲ။

အောက်ပါ အချက်များကို လိုက်နာခြင်းအားဖြင့် သင်၏ မူးဝေခြင်းကို လျော့ကျစေနိုင်ပါသည်။

လဲလျောင်းနေပါ။ ကိုယ်တစ်စောင်း လှဲနေခြင်းသည် ဦးနှောက်အတွင်းသို့ သွေးစီးဆင်းခြင်းကို တိုးပွားစေကာ မူးဝေခြင်းနှင့် မိုက်ကနဲဖြစ်ခြင်းကို သက်သာစေပါမည်။ အကယ်၍ ထို့သို့လဲလျောင်းမှု့ကို အထောက်အကူဖြစ်စေရန် နောက်ကျောဖက်နှင့် တင်းပါးနောက်တွင် ခေါင်းအုံးတစ်လုံးစီ ထောက်ထားနိုင်ပါသည်။ ပက်လက်လှဲနေခြင်းသည် မူးဝေခြင်းကို ပိုမို ဆိုးရွားစေပါသည်။

ထမင်းနှင့် သရေစာများကို ပမဏနည်းနည်းစီကို အကြိမ်ရေများများ စားပါ။ သို့မှသာ စွမ်းအင် အလုံအလောက် ရှိနေပါမည်။

မတ်တပ် အကြာကြီးမရပ်ရပါ။ ထိုင်ရန် အဆင်မပြေပါ လမ်းလျောက်နေပါ။

အထိုင်၊ အထ ဖြည်းညှည်းစွာသာ ဆောင်ရွက်ပါ။ သို့မဟုတ်ပါက ခြေထောက်တွင် သွေးစုနေချိန်တွင် ထိုင်ရာမှ ရုတ်တရက် ထလိုက်ပါက ဦးနှောက်ဆီသို့ သွေးရောက်နည်းပြီး မူးဝေခြင်းကို ပို၍ ဖြစ်စေပါမည်။

ရေနွေးစိမ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းကို မပြုလုပ်ရပါ။ ထိုသို့ လုပ်ခြင်းသည် သွေးကြောများကို ပို၍ကျယ်စေပါသည်။

ဘယ်အချိန်တွင် ဆရာဝန်ပြသရမလဲ။

မူးဝေခြင်းကို အထက်ဖော်ပြပါ နည်းလမ်းများဖြင့် လျော့ချနိုင်သော်လည်း သင့်အနေဖြင့် မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ ဗိုက်နာခြင်း၊ အမြင်ဝေ၀ါးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် သွေးအားနည်းသော လက္ခဏာများ ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ အဘယ့်ကြောင့် ဆိုသော် ဤလက္ခဏာများသည် ရောဂါအကြောင်းရင်းခံ များကြောင့်ဖြစ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်းသည် သင့်ကို မသက်မသာ ဖြစ်စေပါမည်။ အဖြစ်များသော ပြဿနာလည်း ဖြစ်သောကြောင့် အထက်ပါ အကြောင်းအရာများသည် သင့်အတွက် အထောက်အကူဖြစ်စေမည်ဟုလည်း မျော်လင့်ပါသည်။ သို့သော် ရောဂါလက္ခဏာများ ပိုဆိုးလာပါက ဆရာဝန်နှင့် ပြသပါ။

Hello ဆရာဝန်