ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
သင်သည် သင့်၏ဖိနပ်များကို ကျန်းမာရေးရှူထောင့်မှကြည့်၍ သိပ်ဂရုမစိုက်မိတတ်သော်လည်း မသင့်တော်သော ဖိနပ်များကြောင့် သင့်ခြေထောက်မှာတင်မကပဲ ပြဿနာနှင့် ရောဂါများစွာဖြစ်ပွားနိုင် ပါသည်။
Ultra high heels ( ဒေါက်မြင့်ဖိနပ်များ )
ထိုဖိနပ်များကြောင့် ခြေချင်းဝတ်အဆစ်လွဲခြင်းနှင့် နာတာရှည် နာကျင်ကိုက်ခဲမှုများဖြစ်နိုင်ပါသည်။အလယ်အလတ်လောက်သာရှိသော(သို့မဟုတ်)အလွန်မြင့်သော ဒေါက်မြင့်ဖိနပ်များသည် ခြေဖနောင့်၏အနောက်ဘက်တွင် နာကျင်လှသောအဖုအဖောင်း တစ်ခုကို ဖြစ်စေတတ်ပါသည်။ ဖိအားများသော ဒေါက်မြင့်ဖိနပ်များသည် ရောင်ရမ်းခြင်း၊ ညိုမည်းစွဲခြင်း၊ ရေကြည်ဖုများပေါက်ခြင်းနှင့် Achilles pain တို ့အထိဖြစ်စေတတ်ပါသည်။ ဖိနပ်များကို ပြောင်းလဲဝတ်ဆင်၍ ခြေဖနောင့်အောက်ခံပြားများကို အသုံးပြုခြင်းသည် နာကျင်မှုကို သက်သာစေနိုင်သော်လည်း အသားမာအဖုအဖောင်းသည် သေရာပါနိုင်ပါသည်။ ဒေါက်မြင့်ဖိနပ်များ၏ နောက်ထပ်ပြဿနာတစ်ခုမှာ ခြေထောက်အား ဖိနပ်အတွင်း ထည့်သွင်းရသည့် အနေအထားဖြစ်သည်။ ခြေမျက်စိပေါ်တွင်သာ ဖိအားများအားလုံးစုပုံနေကာ ထိုနေရာသည် ရှည်လျားသောခြေပြားချောင်းအရိုးများမှ ပဲစေ့ပုံစံ seasamoid အရိုးများနှင့် ခြေချောင်းလေးများ၏ အရိုးများကို သွားဆုံပေးသော အဓိကနေရာဖြစ်နေသည်။ မလိုအပ်ပဲများနေသော ဖိအားများသည် အရိုးများနှင့်အကြောများကို ထိခိုက်စေတတ်သည်။ တစ်ခါတစ်ရံတွင် နာတာရှည်ဖိအားများကြောင့် အရိုးအက်ကွဲနေမှုများဖြစ်တတ်သည်။ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ဒေါက်မြင့်မဟုတ်သည့် ဖိနပ်အပါးများကို အသုံးပြုခြင်းပင်ဖြစ်သည်။ကျွမ်းကျင်ပညာရှင်များက ဖိနပ်များသည် 5 စင်တီမီတာထက် ပိုမမြင့်သင့်သည်ဟုဆိုသည်။ ထို 5 စင်တီမီတာကိုတောင် အချိန်တိုင်း ဝတ်ဆင်မထားသင့်ဟုဆိုသည်။
Stilettos ( ပွိုင့်ဒေါက် ခေါ် ဒေါက်ဖိနပ်အမျိုအစား )
ထိုဒေါက်မြင့်ဖိနပ်များတွင် အလွန် ့အလွန်ကျဉ်းမြောင်းသော ခြေဖနောင့်နေရာလေးသာ ပြုလုပ်ပေးထားပါသည်။ သင့်၏ တစ်ကိုယ်လုံးအလေးချိန်သည် သေးငယ်သောနေရာလေးတွင်သာ ရှိပြီး လဲကျနိုင်ချေကို များစေကာ သင့်ခြေချင်းဝတ်များကိုလည်း ထိခိုက်စေနိုင်ပါသည်။ သင်သည် ပြင်ကျယ်သောခြေဖနောင့်နေရာရှိသည့် ဖိနပ်များကိုသာ စီးသင့်ပါသည်။ ကိုယ်အလေးချိန်ကို ညီမျှစွာဖြန့်ဝေပေးထား၍ဖြစ်သည်။ ထိုဖိနပ်များက သင့်အား ပိုမိုတည်ငြိမ်စေပြီး ချော်လဲနိုင်ချေကိုလည်း လျှော့ချပေးပါသည်။
Ballet flats ဂွင်းထိုးဖိနပ်များ
ထိုဖိနပ်များတွင် ထောက်ခံထားသောအရာမရှိပါ။ ခြေထောက်အား ကောင်းစွာအလုပ်လုပ်ခြင်းကို ကာကွယ်ရုံမျှမက ဒူး၊ တင်နှင့်နောက်ကျောပြဿနာများကိုလည်း ဖြစ်စေတတ်သည်။ ခြေထောက်ပြား၏ အောက်ခံပုံစံအမှားကြောင့် plantar fasciitis ရောင်ရမ်းမှုလည်း ဖြစ်စေတတ်သည်။ ထိုဖိနပ်များကို သင်ဝတ်ဆင်ချင်နေဆဲဖြစ်ပါက သင်သည် ထိုးထည့်သွင်းထားလို့ရသော ခြေဖနောင့် အပြားများကို ဝယ်ယူအသုံးပြု၍ သင့်ခြေထောက်အား ပိုမိုထောက်ကန်ထားပေး နိုင်ပါသည်။
ညှပ်ဖိနပ်များ
ညှပ်ဖိနပ်များတွင် အကာအကွယ်နည်းသောကြောင့် သင့်ခြေထောက်ညှပ်ခြင်းနှင့် အနာတရရခြင်းတို့ ဖြစ်နိုင်ချေရှိနေပါသည်။ ထို့ကြောင့် ဆီးချိုဝေဒနာရှင်များသည် ထိုဖိနပ်များကို မဝတ်ဆင်သင့်ပါ။ ခြေထောက်အားလျှသွားခြင်းနှင့် ခြစ်မိသွားခြင်း စသော နောက်ဆက်တွဲပြဿနာများကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ထို့အပြင် ဂွင်းထိုးဖိနပ်များကဲ့သို့ပင် အောက်မှခြေပြားအား ထောက်ကန်ထားပေးသော အရာမရှိပေ။
Platform shoes ( ခုံထူဖိနပ် )
ထိုဖိနပ်များတွင် ဖိနပ်အောက်ခံသည် မာကျောထူထဲကာ လမ်းလျှောက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတတ်သည်။ သင်လမ်းလျှောက်စဉ်တွင် ခြေထောက်အား ကွေးပေးရန်လိုအပ်တတ်သည်။ ထိုဖိနပ်များသည် ထိုသို ့မကွေးသွားရန် ပြုလုပ်သည်။ သင်သည် ရန်ဖြစ်၍တိုက်ခိုက်မည်ဆိုပါက ထိုကဲ့သို ့မာကျောလှသောဖိနပ် အောက်ခံနှင့် သင်သည်ခြေထောက်အား ကွေးရန်ကြိုးစားနေပုံကို မြင်ယောင်ကြည့်ပါ။ အဆင်မပြေနိုင်ပါ။ ဖိနပ်များသည် ထောက်ကန်ထားပေးရန်ဖြစ်ပြီး စစ်ပွဲများအတွက်မဟုတ်ပါ။
Hello ဆရာဝန်