နေပြည်တော် ၂၄ စက်တင်ဘာ 

 

စာရေးသူ ဒေါက်တာ နှင်းအေးခိုင်ဆွေ (သမိုင်း) ၏ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှု မြန်မာမှုသုတပဒေသာ စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ကြောင်း သိရသည်။

 

အဆိုပါစာအုပ်တွင် မြန်မာ့ရိုးရာစံတော်ချိန်၊ မြန်မာသတင်းစာများ၏ သမိုင်းအစ၊ ကယန်း အလှ ကယန်းဓလေ့၊ ရွှေနန်းထက်ဖွား မင်းသားမင်းသမီးများ၊ ဗမာလူပျိုလှည့်ဓလေ့၊ တိုင်းတစ်ပါးသား မျက်ဝန်းထဲက မြန်မာ့တော်ဝင်များ၊ တော်ဝင်ရတနာနှင့်အမှုထမ်းများ၊ မင်းခမ်းတော်ဝင် ရာဇပလ္လင်၊ ရွှေနန်းတော်တွင်းမှ အပျိုတော်လောက၊ ရခိုင်ရိုးရာ နှစ်သစ် ကူးသင်္ကြန်ပွဲတော် စသည်ဖြင့် အခန်း ၁၆ ခန်းပါရှိသည်။

 

စာအုပ်ကို ပထမအကြိမ် အဖြစ် ငွေကျပ် ၃၅၀ဝ ဖြင့် တစ်နိုင်ငံလုံးဖြန့်ချိထား ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)