နေပြည်တော် ၂၇ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၂၆ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်အချိန်က တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ဆင့်ထားသူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ Ning Bo မြို့၊ Gao Xin ရပ်ကွက်စီမံခန့်ခွဲရေးကော်မတီမှ ပေးချေသည့် မြေယာပြန်ဝယ်ယူရန် ယွမ် ၆၀ သိန်းကျော်အား လက်ခံရယူခဲ့ပြီး ဝင်ငွေခွန်ယွမ်(၁၀)သိန်းကျော်ကို ပေးရန်ပျက်ကွက်ခဲ့သည့် တရုတ်နိုင်ငံသား Mr. Liang Xiaolei (၅၆)နှစ်အား Ning Bo မြို့၊ တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်ထားသူ တရားခံပြေးဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်သို့ ထိုင်းလေကြောင်းလိုင်းဖြင့် လိုက်ပါရန် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်း နိုင်ရေးစီစဉ်လျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
MDN