နေပြည်တော် ၁၆ အောက်တိုဘာ
အောက်တိုဘာ(၁)ရက်မှ စတင်၍ မကာအို၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် ဂျပန် တို့ကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး ၎င်းတို့မှ ခရီးသွားဧည့်သည်များသည် တာချီလိတ်နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် လာရောက်လည်ပတ်လျက်ရှိရာ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဟောင်ကောင်မှ (၂၉၂) ဦး၊ တောင်ကိုရီးယားမှ (၆၆၃) ဦး၊ ဂျပန်မှ (၇၁) ဦး လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရှိရသည်။
နေ့ချင်းပြန်ခရီးစဉ်သို့ လာရောက်လည်ပတ်ကြသော ဧည့်သည်အများစုသည် တာချီလိတ်မြို့ရှိ အထင်ကရနေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရား၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင်ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်းများသို့ သွားရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ အောက်တိုဘာ (၁)ရက်မှစတင်၍ ဗီဇာကင်းလွတ်ခွင့်ပြုထားသော ပြည်ပမှ ခရီးသွားဧည့်သည်များသည် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ စုစုပေါင်း (၁၀၂၆) ဦး ဝင်ရောက်လည်ပတ်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်/ခရီးမှ သိရှိရသည်။
MDN