နေပြည်တော် ၁၉ အောက်တိုဘာ
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာ၀ အလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိသည်။
ထို့အတူ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် အောက်တိုဘာလ ၁၂ ရက်နေ့မှ အောက်တို ဘာလ ၁၈ ရက်နေ့အထိ ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၂၃၃၁၁) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည် (၃၂၀) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၆၆) ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် လာရောက် လည်ပတ်ကြ သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၇၅၄) ဦးရှိကြောင်း သိရသည်။
နေ့ချင်းပြန် ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက် လည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ပြည်တွင်းပိုင်းခရီးစဉ်အား တာချီလိတ်မြို့မှ လေကြောင်း ဖြင့် တိုက်ရိုက်ပျံသန်းသော မြို့များဖြစ်သည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့်ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက် မှာ ဧပြီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံ သားအများစု ပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၅၂၄၄၀၃) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီး စဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၄၁၈၈) ဦးနှင့် ဗီဇာဖြင့် တာချီလိတ်မှတဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၅၂၉၃) ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့ ကြောင်း သိရသည်။
MDN