နေပြည်တော် ၂၆  အောက်တိုဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ဝင်/ထွက် သွားလာမှု လွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Mother Ayeyawaddy Travels & Tours       Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် (၉) ဦးသည် ကိုယ်ပိုင် မော်တော်ယာဉ် (၂) စီး၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၆) စီးဖြင့် အောက်တိုဘာ (၈) ရက်နေ့မှ အောက်တိုဘာ (၁၈) ရက်နေ့ အထိ တာချီလိတ်နယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး  တာချီလိတ်-ကျိုင်းတုံ-အင်းလေး-မကွေး-မြောက်ဦး-သံတွဲ-ငွေဆောင်-ကျိုက်ထို-မြဝတီ မြို့များသို့ သွားရောက်လည်ပတ်၍ အောက်တိုဘာလ (၁၈) ရက်နေ့တွင် မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြသည်။

 

နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် ပွင့်လင်းရာသီ ကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့် ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှတဆင့် ဝင်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN