နေပြည်တော် ၃၀  အောက်တိုဘာ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ဝင်/ထွက် သွားလာမှု လွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

mdn

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု Trails of Indochina Travels & Tours Co., Ltd  ၏ စီစဉ်မှုဖြင့် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၂) ဦးတို့သည် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး အောက်တိုဘာလ (၈) ရက်မှ အောက်တိုဘာ (၁၅) ရက်အထိ R.V Anawrahta Myanmar အပျော်စီးရေယာဉ်ဖြင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မန္တလေး- ကျောက်မြောင်း- နွယ်ငြိမ်း- တကောင်း- ကသာ- နဘား- ကျွန်းတော်- ဆီသည်ရွာ- မန္တလေးခရီးစဉ်များသို့ သွားရောက်လည်ပတ်၍ အောက်တိုဘာ ၁၅ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ထွက်ခွာသွားကြသည်။

 

ထို့အတူ Osuga Myanmar Travels & Tours Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် သြစတြီးယားနိုင်ငံသား (၄) ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ်(၁) စီးဖြင့် အောက်တိုဘာ (၂၀) ရက်မှ အောက်တိုဘာ (၂၅)ရက်အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး- ကလေး- ပုဂံ- တောင်ငူ- ဘားအံ- မြဝတီမြို့များသို့ သွားရောက်လည်ပတ်၍ အောက်တိုဘာ (၂၅) ရက်တွင် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

 

mdn

 

 

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့်  မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှတဆင့် ဝင်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ လာရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

 

MDN