နေပြည်တော် ၂ နိုဝင်ဘာ
ကယားပြည်နယ် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း အတွေ့အကြုံများ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကယားပြည်နယ်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း အတွေ့ အကြုံများ အပါအဝင် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်မည့် Netherland Track Fund (IV) စီမံကိန်းကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်မောင်ဖြူ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ရုံးခွဲတာဝန်ခံ ၊ ဦးလင်းဇော်ထွဋ်၊ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းတို့သည် International Trade Centre မှ Executive Director, Ms.Arancha Gonzalez နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ ခဲ့ကြကြောင်း သိရသည်။
MDN
